|
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
More Articles...
|
|||||||||||||||||||||||||||||||||||||||||
|
<< Start < Prev 1 2 3 4 5 6 7 8 9 Next > End >> |
|||||||||||||||||||||||||||||||||||||||||
| Page 4 of 9 | |||||||||||||||||||||||||||||||||||||||||
နောက်ဆုံးပို့စ်များ
အခံခိုင်းလိုက်ပါ
ခက်အောင်မလုပ်နဲ့
ကာလတို့၏လွတ်ရာဆီသို့
ခံစားမှဝေဒနာ
ဘာအကောင်းဆုံးလဲ
မဆုံသောလမ်းများ
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့အရာတွေကို အဆင်း၊ အသံ စတာတွေက လာလာတိုက်ကြလို့ အခံဓာတ်တွေလို့ ခေါ်ပါတယ်။ မိမိတို့အနေနဲ့ ရှားရှားပါးပါး လူ့ဘ၀လေးရထားတုန်းမှာ အဲဒီအခံဓာတ်တွေကို သူတို့ဖြစ်ချင်တာတွေချည်း အလိုမလိုက်ဘဲ တဏှာကိုဆန့်ကျင်ပြီး ပညာနဲ့ ခိုင်းဖြစ်လိုက်ဖို့ အရေးကြီးပါတယ်။
ကိုယ့်ကိစ္စတွေ လွယ်လွယ်ကူကူ အောင်မြင်တာကို ကြိုက်တယ်ဆိုရင် သူများကိစ္စတွေကိုလည်း လွယ်ကူအောင် တတ်နိုင်သလောက် ကူညီရပါမယ်။ လွယ်နေတာတွေကို ခက်သယောင် မလုပ်သင့်ပါဘူး။ သူများခက်နေတာတွေကို လွယ်ကူစေတဲ့ စေတနာကံတွေက ကိုယ့်အတွက် နေရာတိုင်းမှာ လွယ်ကူစေပါတယ်။ နောက်ဆုံး တရားရှာရင်တောင် 'လွယ်ကူသောအကျင့် လျင်မြန်သောအသိညဏ်'တွေနဲ့ အောင်ပန်းကို လက်လှမ်းနိုင်မှာပါ။ 
ိနိဗ္ဗာန်ဆိုတာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဆိုတဲ့ ကာလသုံးပါးကလွတ်တဲ့ အမှန်တကယ်ရှိတဲ့ ကာလဝိမုတ်တရားပါ။ ဒီနိဗ္ဗာန်ကို ရောက်ဖို့ဆိုရင် တကယ်မဟုတ်တဲ့ ပညတ်တွေကို ခွါချ၊ အမှန်တကယ်ရှိတဲ့ ရုပ်နာမ်တရားတွေရဲ့ ဖြစ်ပျက်ကို အတိတ်လည်း မပြန်၊ အနာဂတ်လည်း မကြံဘဲ ပစ္စုပ္ပန်တည့်တည့် ရှုပြီးသိနိုင်မှသာ ဖြစ်နိုင်ပါလိမ့်မယ်။
ဝေဒနာဆိုတာ စိတ်ဖြစ်တိုင်း လိုက်ဖြစ်နေတတ်တဲ့ အချိန်တိုင်းရှိတဲ့ တရားပါ။ ပဋိစ္စသမုပ္ပါဒ်တရားတော်မှာ ‘ဝေဒနာ ပစ္စယာ တဏှာ’ လို့ ဟောထားပါတယ်။ တဏှာငြိမ်းရင် ခန္ဓာဇာတ်သိမ်းပြီမို့ မိမိတို့အနေနဲ့ ဘာဝေဒနာပေါ်ပေါ် လိုက်ခံစားမနေဘဲ ဝေဒနာနုပဿနာရှုပြီး တဏှာရဲ့အမြစ် ဝေဒနာကို ခွဲစိတ်ဖြတ်တောက် ပယ်ရှားပစ်တတ်ဖို့ လေ့ကျင့်ထားရပါမယ်။


'အညာဟိ လာဘူပနိသာ၊ အညာနိဗ္ဗာန ဂါမိနီ'
"'အသင်္ချေ ဆိုတာ မရေမတွက်နိုင်အောင် များပြားသော' လို့ အဓိပ္ပါယ်ရပါတယ်။ (မရေမတွက်နိုင်ဘူးလည်း ဆိုသေးတယ်။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလို့ ဘာလို့များ ပြောကြပါလိမ့်လို့လည်း အတွေးတစ်စ ဖြစ်ခဲ့ဖူးပါတယ်။)
မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ' ဆိုတဲ့ မေတ္တာပို့လေးကို ကြားဖူးကြမှာပါ။ အကျိုးစီးပွားကို လိုလားခြင်း သဘောရှိတဲ့ မေတ္တာရဲ့ ဆန့်ကျင်ဘက်ရန်သူဟာ ဒေါသဆိုတာ အလွန်ထင်ရှားပါတယ်။
ကားဖူးတာလေး တစ်ခုက... သားသတ်လိုင်စင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သတ်ဖြတ်နေရင် စီးပွားတွေ တက်နေပြီး မကောင်းမှန်းသိလို့ အခြားသမ္မာအာဇီဝ အလုပ်လုပ်ရင် စီးပွားတွေ ကျပါသတဲ့။
ကောင်လေး၊ ကောင်မလေးတွေဟာ အထာတွေနဲ့ ၁၅ဝဝ-ကို တောင်းတတ်၊ ပေးတတ်ကြပါတယ်။ ၁၅ဝဝ- ဆိုတာ ဘာမှန်းမသိ၊ ညာမှန်းမသိ ရမ်းတောင်းနေတတ်ကြပါတယ်။ တကယ်တော့ ၁၅ဝဝ ဟာ ကိလေသာထုကို ရည်ညွှန်းတာပါ။ သမီးရည်းစား ဇနီးမယားချစ် သက်သက် မဟုတ်ပါဘူး။ ဆွေမျိုးဉာတိ မောင်နှစ်မ အချင်းချင်းလည်း ၁၅၀၀ ပိုင်ရှင်တွေ ဖြစ်နိုင်ကြပါတယ်။
စာရေးသူတို့ ကျောင်းမှာ ညစဉ်ရှိခိုးကြတဲ့ ဘုရားရှင်ရဲ့ ဉာဏ်တော်(၁၀)ပါး ဘုရားရှိခိုးပါ။















၁။ ဟေတုပစ္စည်း

ဒီတစ်ခါ ဂဏန်းနှစ်လုံးအကြောင်း ပြောကြရအောင်။ တစ်မျိုးမတွေးပါနဲ့။ လောကီသုညနဲ့ လောကုတ္တရာသုည အကြောင်းပါ။ စာမေးပွဲဖြေကြတဲ့အခါ ဘယ်သူများ သုညရချင်ကြပါသလဲ။ လောကီစာမေးပွဲတွေမှာ သုညများ ရလိုက်တယ်ဆိုရင် ရင်ဆိုင်ရတဲ့ ဆိုးကျိုးတွေ၊ စိတ်ဆင်းရဲရမှုတွေဆိုတာ ဖော်မပြနိုင်လောက်အောင်ကို တစ်ပုံကြီးပါ။ အဲ… လောကုတ္တရာစာမေးပွဲမှာများ သုညရလိုက်မယ်ဆိုရင်တော့ စိတ်အေးရပြီပေါ့။ အနှိုင်းမဲ့ချမ်းသာ ရပြီလေ။ လောကီနဲ့ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ကြီးပါ။ ပိုရှင်းအောင် နဲနဲခွဲကြည့်ရအောင်။