Monday 6th of September 2010
06
pic8
theravada
logo8
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday20
mod_vvisit_counterYesterday9
mod_vvisit_counterThis week29
mod_vvisit_counterLast week78
mod_vvisit_counterThis month58
mod_vvisit_counterLast month477
mod_vvisit_counterAll days8441
We have 1 guest online

အာရုံလုပွဲ PDF Print E-mail
Thursday, 22 October 2009 11:28

4_1196971801_soccerဘယ်အာရုံကို လုရမလဲဆိုတော့… ခန္ဓာဆိုတဲ့ အာရုံကိုပါ။

ဘယ်သူနဲ့ ဘယ်သူနဲ့လုကြမလဲဆိုတော့… စွဲလမ်းမှု (ဥပါဒါန်) အသင်း နဲ့ ဝိပဿနာ (ပညာ) အသင်းတို့ပါ။

အာရုံလုပွဲမှာ -

မိမိတို့အသင်းက ဝိပဿနာအသင်း၊

တစ်ဘက်အသင်းက ဥပါဒါန်အသင်း။

ဝိပဿနာ အသင်းမှာ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ၊ ဆန္ဒ၊ စိတ္တ၊ ဝိတက်၊ ပီတိ၊ ပဿဒ္ဓိ၊ ဥပေက္ခာ၊ ဝိရတီ ၃ ပါး ဆိုတဲ့ ဗောဓိပက္ခိယ တရားကိုယ် (၁၄)ပါး ပါဝင်ပါတယ်။

အဲဒီအထဲမှာ ပညာက အသင်းခေါင်းဆောင်ဖြစ်ပြီး၊ သတိက ဂိုးစောင့်ပါ။

ဥပါဒါန် အသင်းမှာက မောဟ၊ အဟီရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ လောဘ၊ ဒိဋ္ဌိ၊ မာန၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ကုက္ကုစ္စ ၊ ထိန၊ မိဒ္ဓ၊ ဝိစိကိစ္ဆာ ဟူသော အကုသိုလ် စေတသိက် (၁၄)ပါး ပါဝင်ပါတယ်။

Read more...
 
ကံမျှော်သူ နှင့် ကံချော်သူ PDF Print E-mail
Sunday, 11 October 2009 05:06

Green_Sea_Turtleလူပျင်းတွေက…
“အတိတ်ကံရဲ့ အကျိုးပေးကိုသာ မျှော်လင့်နေတတ်ကြပါတယ်။ ပစ္စုပ္ပန်ကံ အသစ်ကို ဥာဏ်၊ ၀ီရိယတွဲကူပြီး အားမထုတ်တတ်ကြပါဘူး။”

ညောင်ထောက်သူ ခြေကျိုး၊ ညောင်ချိုးသူ ရွှေအိုးရ” ဆိုသလို ပစ္စုပ္ပန်အလုပ်နှင့် လက်ရှိအကျိုး တလွဲတချော် ဖြစ်နေသူတွေကတော့…
ပစ္စုပ္ပန်ကံ တစ်ခုတည်းကိုပဲ ကွက်ကြည့်မိတဲ့အတွက် အားမလို အားမရ၊ မကျေမနပ်ဖြစ်ပြီး ကံကို အယုံအကြည်မရှိတဲ့ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်သွားတတ်ကြပါတယ်။

Read more...
 
ငါနဲ့ဆိုင်၊ မဆိုင် PDF Print E-mail
Sunday, 11 October 2009 04:51

daisiesဟိုလူ့ဆီရောက် ဒီဆီရောက်မို့ ရွှေငွေဥစ္စာ အသပြာများလည်း ငါကမပိုင် ငါနဲ့မဆိုင်။

ငါဖြစ်ချင်သလို မဖြစ်ရလွန်းလို့ ဆွေမျိုးမိဘ သားသမီးများလည်း ငါကမပိုင် ငါနဲ့မဆိုင်။

မနာချင်လည်းမရ နှိပ်စက်ကြလို့ မျက်စိနားနှာ အင်္ဂါများလည်း ငါကမပိုင် ငါနဲ့မဆိုင်။

နေချင်သေးလည်း သေကြရလို့ အသက်ခန္ဓာ ဘဝဆိုတာလည်း ငါကမပိုင် ငါနဲ့မဆိုင်။

“ငါကို စွန့်နိုင်ရင် စွန့်။ ငါကို မစွန့်နိုင်ရင် အားလုံးကို ငါဖြစ်အောင်လုပ်” ဆိုတဲ့ စကားလိုပါပဲ။
ငါတိုးတက်အောင် လုပ်သလို အားလုံး တိုးတက်အောင် လုပ်ပေးရပါမယ်။
ငါချမ်းသာအောင် လုပ်သလို အားလုံးချမ်းသာအောင် လုပ်ပေးရပါမယ်။
ငါအန္တရာယ်ကင်းအောင် လုပ်သလို အားလုံး အန္တရာယ်ကင်းအောင် လုပ်ပေးရပါမယ်။
ဘာလို့လဲ ဆိုတော့ အားလုံးက ငါဖြစ်နေလို့ပါ။ အားလုံးက ငါနဲ့ ဆိုင်နေလို့ပါ။
Read more...
 
ကြား... ခိုလိုက်ပါ PDF Print E-mail
Sunday, 11 October 2009 04:48

HeavenStairway

ရုက္ခမူလ ဂတော ဝါ - သစ်ပင်ရင်းသို့ ကပ်၍သော်လည်းကောင်း၊
သုညာဂါရ ဂတော ဝါ - ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍သော်လည်းကောင်း- ဆိုပြီး တရားအားထုတ်ရန် နေရာတွေကို ဗုဒ္ဓမြတ်စွာက ညွှန်ပြခဲ့ပါတယ်။
သက်တမ်းကတို၊ အချိန်ကနည်း၊ လုပ်စရာတာဝန် ဝတ္တရားတွေကများ၊ စွဲမက်စရာ အာရုံတွေကပြည့် - ဒီကြားတွေထဲမှာ ညပ်နေရတဲ့ ယနေ့ခေတ် လူတွေအဖို့ ဘယ်လိုနည်းနဲ့များ တောအရပ်ကို ကပ်နိုင်ပါ့မလဲ၊ သစ်ပင်ရင်းကို ကပ်နိုင်ပါ့မလဲ၊ ဒါ့အပြင် လှုပ်လှုပ်ရှားရှား ဆူဆူညံညံတွေ ပေါများလာရာမှာ ဆိတ်ငြိမ်ရာအရပ်တွေကလည်း တစ်နေ့တခြား ရှားပါးလာပါတယ်။ ဒီလိုဆိုရင် တရားအားထုတ်စရာ နေရာမရှိ၊ အချိန်မရှိလို့ အားမထုတ်ရတော့ဘူးလား။ တရားမရကြတော့ဘူးလား။ ဒီလို မဟုတ်ပါဘူး။ တရားအားထုတ်တယ်ဆိုတာ ဘာဝနာအလုပ်ပါ။ ဘာဝနာဆိုတာ ကိုယ်၊ နှုတ်နဲ့ ပွါးရတာမျိုး မဟုတ်ပါဘူး။ စိတ်နဲ့ပွါးရတဲ့ မနောကံအလုပ်ပါ။ စိတ်ဖြစ်ဖို့ အချိန်လည်း မလို၊ နေရာလည်း မလိုပါဘူး။
Read more...
 
ဆုံနိုင်ခွင့် PDF Print E-mail
Sunday, 11 October 2009 04:35
two-birds
ဘဝသံသရာဆိုတာ အလွန်ပဲ ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ ဘဝတစ်ခုမှာ လင်မယား တော်စပ်ပေမယ့် တခြားဘဝတစ်ခုမှာတော့ မောင်နှစ်မ ဖြစ်ချင်ဖြစ်ကြရပါတယ်။ မိဘ၊ သားသမီး တော်ခဲ့ဖူးသူလည်း လင်မယား တော်ရင်တော်ကြရပြန်ပါတယ်။ ဘဝတစ်ခုတည်းမှာသာဆိုရင်တော့ အလွန်ကို ကဲ့ရဲ့စက်ဆုပ်ဖွယ်ရာကြီးပါ။ ဒါပေမယ့် ဘဝဆိုတဲ့ နံရံတစ်ခုက ခြားကွယ်ထားတဲ့အခါကျတော့ မိမိတို့အနေနဲ့ ဘာကိုမှ သတိမရ သံဝေဂမရနိုင်တော့ဘဲ ပျော်ပျော်ပါးပါးကြီး ခံစားစံစားမိကြပါတယ်။
ဒီဘ၀တစ်ခုတည်းကိုပဲ ဘ၀ထင်ပြီး လက်ရှိဆုံတွေ့ရသူတွေအပေါ်မှာပဲ အတင်းရစ်ပတ်နှောင်ဖွဲ့ သံယောဇဉ်ကြီးကြပါတယ်။ ''သံသာကမ်းတိုင် တူယှဉ်ပြိုင် ကူးမယ်'' လို့ ရည်ရွယ်ပြီး ''ဒီလင်၊ ဒီမယား၊ ဒီသား၊ ဒီသမီးတို့နဲ့ ဘဝဆက်တိုင်း ဆုံတွေ့ရပါလို၏'' စသည်ဖြင့် ''ဒီ…၊ ဒီ…၊ ဒီ… ချင်းထပ်အောင်'' ဆုတွေတောင်းကြပါတယ်။ တချို့များ နိဗ္ဗာန်မရောက်မချင်း ဆိုတာတောင်မှ ပါလိုက်ပါသေးတယ်။ တော်တော်လည်း အစွဲအလမ်းကြီးကြပါတယ်နော်။ အတိတ်အတိတ်ဘ၀တွေက (တခြားလူတွေနဲ့) အကြိမ်ကြိမ်အခါခါ ရွတ်ခဲ့ဖူးတဲ့ ဆုတောင်းတွေ၊ ထားခဲ့ဖူးတဲ့ သစ္စာတွေကိုများ ပြန်ကြားယောင်နိုင်စွမ်းရှိရင် (ငယ်တုန်းက အကြောင်းအရာတွေကို ကြီးမှပြန်တွေးမိရင် ပြုံးဖြစ်သလိုမျိုး) ပြုံးရုံပဲ ပြုံးမိမလား၊ ၀ါးလုံးကွဲပဲ ရယ်ချမိမလား။ သေချာတာကတော့… ငါ့နှယ်.. အခုမှ တကယ်ချစ်ခင်တွယ်တာမိတာကို အဲဒီ့တုန်းက ဘာလို့များ ဆုတောင်းမိပါလိမ့်ဆိုတဲ့ အတွေးဝင်မှာပါပဲ။ သံဝေဂတော့ မရလောက်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် လက်ရှိဒဏ်ရာကိုပဲအနာဆုံးထင်တတ်ကြတာပါ။
Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 Next > End >>

Page 5 of 9