Monday 6th of September 2010
06
pic8
theravada
logo8
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday19
mod_vvisit_counterYesterday9
mod_vvisit_counterThis week28
mod_vvisit_counterLast week78
mod_vvisit_counterThis month57
mod_vvisit_counterLast month477
mod_vvisit_counterAll days8440
We have 1 guest online

အရှိကိုအရှိအတိုင်းသာ PDF Print E-mail
Sunday, 11 October 2009 04:20
612px-Nike-Logo-Orange

လောကမှာ အမှန်တရား (၂)မျိုး ရှိပါတယ်။ မရှိမှန် သမုတိသစ္စာ နဲ့ အရှိမှန် ပရမတ္ထသစ္စာတို့ပဲ ဖြစ်ပါတယ်။

သမုတိသစ္စာဆိုတာ လောကမှာ ခေါ်ဝေါ်ပြောဆို သိမှတ်နေသမျှသော ပညတ်တရားတွေပါ။ လောကနယ်ပယ်မှာ စကားပြောဖြစ်စေဖို့ မရှိမဖြစ် သမုတ်ထားတဲ့ အမှန်တရား ဖြစ်ပါတယ်။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံကြရာမှာ စကားပြောတဲ့အပိုင်းနဲ့ နားလည်တဲ့အပိုင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒါ့ကြောင့် ပညတ်ဆိုရာမှာလည်း စကားပြောဖို့ သဒ္ဒပညတ်နဲ့ နားလည်သဘောပေါက်ဖို့ အတ္ထပညတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အရာဝတ္ထု တစ်ခုတည်းကိုပဲ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာစကားနဲ့ကိုယ် အမည်သတ်မှတ်ထားတဲ့အတွက် ကိုယ့်ဆိုင်ရာ ဘာသာမှာတော့ မှန်နေပါတယ်။

Read more...
 
သုံးတတ်လျှင်ဆေး. PDF Print E-mail
Sunday, 11 October 2009 04:03
Light-Graffiti-1
ဘယ်လောက်ပဲ ကောင်းမွန်တဲ့အရာ ဖြစ်ပါစေ။ အသုံးမတတ်ရင် အန္တရာယ် ဖြစ်ပါတယ်။ အသက်ကယ်ဆေးတောင် သူ့အချိန်အဆအတိုင်း မသုံးတတ်ရင် အဆိပ်ဖြစ်သွားရတာပါ။ 'သုံးတတ်ရင်ဆေး ၊ မသုံးတတ်ရင်ဘေး' ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ မိမိကသာ သုံးတတ်မယ်ဆိုရင် မကောင်းတဲ့အရာ၊ အန္တရာယ်ရှိတဲ့ အရာတွေတောင် အသုံးဝင် အကျိုးရှိလာရပါတယ်။ ဥပမာဆိုရရင် လူကိုသေစေတဲ့ မြွေဆိပ်ကိုပဲ မြွေဆိပ်ဖြေဆေးအဖြစ် အသုံးပြုကြရပါတယ်။ ကြောက်စရာ ကပ်ရောဂါကြီးဖြစ်တဲ့ ကျောက်ရောဂါကို ကာကွယ်ဖို့ ရောဂါပိုးစတိကိုပဲ ဆေးအဖြစ် ထိုးသွင်းခဲ့ကြရပါတယ်။ ကမ္ဘာကြီးကို ပျက်သွားအောင် လောင်ကျွမ်းပစ်နိုင်တဲ့ မီးတောင်မှ သုံးတတ်မယ်ဆိုရင် သတ္တဝါတွေအတွက် မရှိမဖြစ် အသုံးဝင်သွားရပါတယ်။ ဒီနည်းတူပါပဲ။ သတ္တဝါတွေကို ပူလောင်စေတတ်တဲ့၊ အပါယ်ဆင်းရဲကို ပို့နိုင်တဲ့ အကုသိုလ် ကိလေသာမီးတွေကိုလည်းမိမိကသာ အသုံးချတတ်မယ်ဆိုရင် အပူမီးတွေ ငြိမ်းသွားရတဲ့အပြင် အနှိုင်းမဲ့ချမ်းသာကိုတောင်ခံစားရနိုင်ပါတယ်။
Read more...
 
လူပီသခဲ့ကြသူများ PDF Print E-mail
Sunday, 11 October 2009 03:56
Lotus
ငါးပါးသီလကို ဂရုတစိုက် ဆောက်တည်ခဲ့ကြလို့ လိုတရခဲ့ကြတဲ့ နိုင်ငံတစ်နိုင်ငံက လူပီသခဲ့ကြသူ သူတော်ကောင်းပုဂ္ဂိုလ်တွေရဲ့ အားကျဖွယ် စောင့်ထိန်းပုံလေးတွေလည်း တင်ပြချင်ပါသေးတယ်။
ကုရုတိုင်း၊ ဣန္ဒပတ္တပြည်မှာ ဘုရားလောင်း ဓနဉ္စယ ကောရဗျမင်းကြီး မင်းပြုစဉ် မင်းကြီးအပါအဝင် ပုဂ္ဂိုလ် (၁၁)ဦးဟာ ဂရုဓမ္မဆိုတဲ့ ငါးပါးသီလကို အလွန်စင်ကြယ်စွာ စောင့်ထိန်းကြပါတယ်။ မြို့တံခါး (၄)ခု၊ မြို့လယ်၊ နန်းတော်တံခါး ဆိုတဲ့ (၆)ဌာနတွေမှာ အလှူမဏ္ဍပ်ကြီးတွေ ဆောက်ပြီး နေ့စဉ် (၆)သိန်းဖိုး (၆)သိန်းဖိုး လှူဒါန်းပါတယ်။ တိုင်းသူပြည်သားတွေအနေနဲ့ ထွန်ယက် စိုက်ပျိုး စားစရာ မလိုပါဘူး။ အလွန်ပဲ စည်ပင်ဝပြော သာယာပါတယ်။
Read more...
 
သိက္ခာရှိတဲ့သူ PDF Print E-mail
Sunday, 11 October 2009 03:48

lotusq

More is the treasure of the Law than gems;
Sweeter than comb its sweetness: its delights
Delightful past compare. Thereby to live
Hear the Five Rules aright:
Kill not-for pity’s sake and lest you slay
The meanest thing upon its upward way.
Give freely and receive, but take from none
By greed, or force, or fraud, what is his own.
Bear not false witness, slander not, nor lie;
Truth is the speech of inward purity.
Shun drugs and drinks which work the wit abuse;
Clear minds, clean bodies, need no Soma juice.
Touch not thy neighbour’s wife, neither commit
Sins of the flesh unlawful and unfit.
Sir Edwin Arnold
(The Light of Asia)

ကမ္ဘာလောကကြီးတစ်ခုလုံးမှာ ငါးပါးသီလဟာ အဓိကအရေးအကြီးဆုံး ဖြစ်ပါတယ်။ ကမ္ဘာသူ ကမ္ဘာသားအားလုံး စောင့်ထိန်းရမယ့် ကမ္ဘာစောင့်တရား ငါးပါးဖြစ်ပါတယ်။ မိမိတို့ကို လူရယ်လို့ သတ်မှတ်ပေးတာ ငါးပါးသီလပါ။ ငါးပါးသီလမှ မရှိရင် လူဆိုတာ တိရစ္ဆာန်တွေနဲ့ အတူတူပဲ ဖြစ်သွားမှာပါ။ ဒါ့ကြောင့် ငါးပါးသီလကို "လူ့သိက္ခာ" လို့ ဆိုချင်ပါတယ်။ လူရယ်လို့ ဖြစ်လာတာနဲ့ ငါးပါးသီလဆိုတာလည်း လူ့ခန္ဓာကိုယ်ထဲကို အလိုလို ရောက်ရှိလာပြီးသားပါ။ ဘုရားရှင်ကို အာရုံပြုပြီးတော့ပဲဖြစ်ဖြစ်၊ သံဃာတော်တွေ (သို့မဟုတ်) ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ထံမှာပဲဖြစ်ဖြစ် "အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ သမာဓိယာမိ" စသဖြင့် စိတ်က၊ နှုတ်က ရွတ်ဆိုခံယူဆောက်တည်မှသာ လူ့သန္တာန်မှာ ငါးပါးသီလ ၀င်ရောက်ကိန်းတာ မဟုတ်ပါဘူး။ အဲဒီ့လို ပုဂ္ဂိုလ်တစ်ဦးထံမှာ ခံယူဆောက်တည်သည်ပဲဖြစ်စေ၊ မခံယူ မဆောက်တည်သည်ပဲဖြစ်စေ ငါးပါးသီလကတော့ လူဖြစ်လာတာနဲ့ အလိုလို ၀င်ရောက်တည်ရှိနှင့်ပြီးသား ဖြစ်ပါတယ်။
Read more...
 
အကြောင်းမဲ့မဟုတ်၍အပြစ်မဖွဲ့စေချင် PDF Print E-mail
Sunday, 11 October 2009 03:34
lovehateသတ္တဝါတွေဆိုတာ ဘဝများစွာသံသရာ ကျင်လည်နေကြရာမှာ ဆွေမျိုး မတော်စပ်ဖူးသူရယ်လို့ မရှိကြပါဘူး။ မိဘနဲ့ သားသမီးအဖြစ်၊ လင်နဲ့ မယားအဖြစ်၊ မောင်နဲ့ နှစ်မအဖြစ်၊ ဆရာနဲ့ တပည့်အဖြစ်၊ အရှင်နဲ့ ကျွန်အဖြစ် စသဖြင့် မရေမတွက်နိုင်အောင် ဆက်စပ်ဖြစ်ခဲ့ဖူးကြတာချည်းပါပဲ။ မဖြစ်ခဲ့ဖူးတဲ့ တော်စပ်ပုံမျိုးလည်း မရှိပါဘူး။ အနည်းနဲ့ အများပဲ ကွာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပုံစံမျိုးစုံ ကြုံခဲ့ပြီးသားချည်းပါ။
မိဘနဲ့ သားသမီးအဖြစ် ဘဝများစွာ ကြုံတွေ့ကြရဖူးရင်ပဲဖြစ်ဖြစ်၊ နီးကပ်တဲ့ ဘဝမှာ မိဘနဲ့ သားသမီး ဖြစ်ခဲ့ဖူးရင်ပဲဖြစ်ဖြစ် မြင်မြင်ချင်း မိဘနဲ့ သားသမီးအရင်းလိုပဲ ချစ်ခြင်း မေတ္တာတွေ ဖြစ်ပေါ်လာပါတယ်။ ဒီနည်းတူပါပဲ။ လင်နဲ့ မယားအဖြစ် ဘဝများစွာမှာပဲဖြစ်ဖြစ်၊ နီးကပ်တဲ့ ဘဝမှာပဲဖြစ်ဖြစ် တော်စပ်ခဲ့ဖူးရင် (၅၂၈)ထက်ပိုတဲ့ ချစ်ခြင်းမေတ္တာတွေ အလိုလို ပေါ်ပေါက်လာတော့တာပါပဲ။ မောင် နှစ်မ သံယောဇဉ် စတာတွေဟာလည်း ဒီနည်းအတိုင်းပါပဲ။
Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 Next > End >>

Page 6 of 9