|
နောက်ဘ၀ ရှိ မရှိအပိုင်း(၂) |
|
|
|
|
Sunday, 11 October 2009 01:59 |
..အရှင်ကုမာရကဿပကလည်း မြို့စား.. သင့်အယူ ဖြစ်ရခြင်းရဲ့ တခြားအကြောင်း ရှိသေးသလားလို့ မေးပါတယ်။
မြို့- ရှိပါတယ် အရှင်မြတ်။ တစ်နေ့တုန်းက သူခိုးတစ်ယောက်ကို အပြစ်ပေးဖို့ အကျွန်ုပ်ထံ ခေါ်လာကြပါတယ်။ ဒါနဲ့ အဲဒီ့သူခိုးကို မသတ်ခင် အိုးထဲထည့် အဝကိုပိတ် သားရေအစိုနဲ့ကျက် မြေအစိုနဲ့လိမ်းပြီး မီးဖုတ်ခိုင်းလိုက်ပါတယ်။ သေလောက်တဲ့အခါ အိုးကိုဖြည်းဖြည်းလေးဖွင့်ပြီး သူခိုးရဲ့ ထွက်သွားတဲ့ အသက်ကို စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ မမြင်ခဲ့ရပါဘူး။ ဒါ့ကြောင့်လည်း အကျွန်ုပ်ရဲ့ ဒီအယူက ဖြစ်ရတာပါ။
အဲဒီ့အခါ အရှင်မြတ်က အိပ်မက်ဥပမာပေးပြီး မေးခွန်းထုတ်ပြန်ပါတယ်။
|
|
Read more...
|
|
|
နောက်ဘ၀ရှိမရှိအပိုင်း(၁) |
|
|
|
|
Sunday, 11 October 2009 00:30 |
|

ဗုဒ္ဓလက်ထက်တော်အခါက ကောသလတိုင်း သေတဗျမြို့ကို အုပ်ချုပ်နေတဲ့ ပါယာသိမြို့စားဆိုတာ ရှိပါတယ်။ အဲဒီ့ မြို့စားကြီးမှာ အယူမှားတစ်ခု ရှိပါသတဲ့။ အဲဒါကတော့- 'တခြားလောကဆိုတာ မရှိဘူး။ (နောက်ဘဝမရှိ)။ သေပြီးရင် သတ္တဝါ တဖန်ပြန်မဖြစ်ဘူး။ (သေရင် ပြတ်တယ်)။ ကောင်းမှု, မကောင်းမှုတို့ရဲ့ အကျိုးဆိုတာ မရှိဘူး' လို့ပဲ ဖြစ်ပါတယ်။
တစ်နေ့မှာတော့ အရှင်ကုမာရကဿပ ခေါင်းဆောင်တဲ့ ရဟန်းတော်ငါးရာ ဒေသစာရီ လှည့်လည်ရင်းနဲ့ အဲဒီ့ သေတဗျမြို့ကို ရောက်လာပြီး မြို့ရဲ့ မြောက်ဘက် ယင်းတိုက်တောမှာ သီတင်းသုံး နေတော်မူကြပါတယ်။ အရှင်ကုမာရကဿပ ဆိုတာ ဥာဏ်ပညာ အလွန်ထက်မြက်ပြီး တရားအဆန်းတွေကိုလည်း ဟောတတ်ပါတယ်။ စကားပြော အလွန်ပြေပြစ်တဲ့ ရဟန္တာကြီး တစ်ပါးပါ။ ဒါ့ကြောင့် သေတဗျမြို့သားတွေဟာ အရှင်ကုမာရကဿပကို ဖူးမြော်ဖို့ မြို့မြောက်အရပ်ကို အစုလိုက် အဖွဲ့လိုက် သွားကြပါတယ်။
|
|
Read more...
|
|
ရန်သူလား ..၊ မိတ်ဆွေလား...။ |
|
|
|
|
Sunday, 11 October 2009 00:17 |
|

မြင်လျှင်မပြုံး၊ နှလုံးမသာ၊ မျက်နှာမပေး၊ ကျင့်ရေးဆန့်ကျင်၊ ရန်တွင်မှီခို၊ မိတ်ကိုကြဉ်ဖဲ၊ ဆဲသူကိုမ၊ ချီးမွမ်းကဖျက်၊ လျှို့ဝှက်မကြား
ဝှက်ထားဖော်ဆို၊ မှုကိုပြစ်ရှာ၊ ပညာပြစ်တင်၊ ပျက်လျှင်ကြည်သာ၊ ပွါးလာမုန်းထား၊ စားထူးရမေ့၊ ရလေ့မတ၊ ဆယ့်ခြောက်ဝတွင်၊ အမိတ္တမူ၊
မိတ်ပြန်ယူပြီး၊ ဤသူကားရန်၊ ဤသူဟန်မူ၊ မိတ်မှန်အမြဲ၊ မချွတ်လွဲသည်၊ လူကဲခတ်၍ ပေါင်းလေသတည်း။ ကင်းဝန်မင်းကြီး ကဗျာစု)
လောကရဲ့ သဘာဝကိုက ပြိုင်ဆိုင်မှုနဲ့ မကင်းပါဘူး။ ''မိမိမှတစ်ပါး အခြား'' ဆိုတာတွေ ရှိတဲ့နောက်မှတော့ အတွင်းကြိတ် ပြိုင်ဆိုင်မှုတွေ၊ သိသိသာသာ ပြိုင်ဆိုင်မှုတွေ ရှိတော့တာပါပဲ။ ကြီးပွါးတိုးတက်ရေးကို ဦးတည်တဲ့ ပြိုင်ဆိုင်မှုမျိုးကို ကြိုဆိုလက်ခံပြီး ဆုတ်ယုတ်ပျက်စီးမှုကို ခြေလှမ်းပြင်နေတဲ့ ပြိုင်ဆိုင်မှုမျိုးကို ဟန့်တားရပါမယ်။
|
|
Read more...
|
|
Sunday, 11 October 2009 00:12 |
|
မကောင်းတဲ့စိတ်ထားဟာ ပိုင်ရှင်ကို လူယုတ်မာ၊ လူ့အောက်တန်းစားဖြစ်အောင် ပြုတတ်ပါတယ်။ ကောင်းတဲ့စိတ်ထားကတော့ သူတော်ကောင်း၊ အထက်တန်းစားဖြစ်အောင် ပြုပေးပါတယ်။ ဒီတော့ လူ့လောကမှာ လက်ခံသုံးစွဲနေကြတဲ့ အထက်တန်းစား၊ အောက်တန်းစားဆိုတဲ့ အသုံးအနှုန်း တွေအတွက် မိမိစိတ်ကို ကောင်းအောင်ထားနိုင်ခြင်း ရှိ၊ မရှိ ပေတံနဲ့ တိုင်းတာသတ်မှတ်မှသာလျှင် တိကျမှန်ကန်နိုင်ပါမယ်။ ငွေကြေးဥစ္စာ ပိုင်ဆိုင်မှုပေါ် မူတည်ပြီး သတ်မှတ်ဖို့ မဖြစ်နိုင်ပါဘူး။ မကောင်းတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန အကုသိုလ်စိတ်တွေကို ထိန်းသိမ်းပြီး ကောင်းတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ကုသိုလ်စိတ်တွေ ပွါးများနိုင်ပါမှ အထက်တန်းစား လူကြီးလူကောင်းတွေ ဖြစ်ပါမယ်။
|
|
Read more...
|
|
အောင်မြင်ဖြစ်ထွန်းသင့်ပါလျက် ဘာကြောင့် ? |
|
|
|
|
Saturday, 10 October 2009 23:49 |
|
ကြိုးစားမှုလည်း ရှိပါလျက်..
အကြံဉာဏ်လည်း ကောင်းပါလျက်... အစစ အရာရာ မအောင်မမြင်၊ မချောမမော၊ အခက်အခဲမျိုးစုံကြုံပြီး အရှုံးတွေနဲ့ချည်း ရင်ဆိုင်နေရပြီဆိုရင် ကိုယ့်ကံကိုယ် စိစစ်ကြည့်ဖို့ လိုအပ်နေပါပြီ။
ခင်ပွန်းကြီး(၁၀)ပါးထဲက တစ်ပါးပါးကို ကာယကံ၊ ၀စီကံ၊ မနောကံ တစ်မျိုးမျိုးနဲ့ ပြစ်မှားခဲ့ဖူးရင် ဘယ်လောက်ပဲတော်တော် အောင်မြင်ကြီးပွါးမှာ မဟုတ်ပါဘူး။ ဒဏ်(၁၀)ပါး သင့်တတ်ပါတယ်။
|
|
Read more...
|
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 Next > End >>
|
|
Page 8 of 9 |