| လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း |
|
|
|
| ဓမ္မစာပေများ - ဆောင်းပါးများ | ||||||
| Friday, 02 July 2010 10:31 | ||||||
|
တစ်နည်းပြောရရင် အသင်္ချေ = ၁ နောက်တွင် သုညပေါင်း ၁၄ဝ လုံးရှိတယ်လို့လည်း ဆိုပါတယ်။ လေးအသင်္ချေရေတွက်ပုံကတော့ ... (၁) ဒီပင်္ကရာမြတ်စွာဘုရားပွင့်တော်မူတဲ့ ဝရကမ္ဘာ = (ဘုရား-၄ဆူ ပွင့်တဲ့ကမ္ဘာ) ကုန်ဆုံးသွားပြီးနောက် မရေမတွက်နိုင်အောင် များပြားတဲ့ ကမ္ဘာပေါင်းများစွာ ဘုရားမပွင့်လို့ သုညကမ္ဘာအသင်္ချေ ကြာသွားပါတယ်။ အဲဒါကို 'သေလ အသင်္ချေ'လို့ ခေါ်ပါတယ်။ (၂) အဲဒီနောက် ... ကောဏ္ဍညဘုရားပွင့်တော်မူတဲ့ သာရကမ္ဘာ = (ဘုရားတစ်ဆူသာ ပွင့်တဲ့ကမ္ဘာ) ကုန်ဆုံးသွားပြီးနောက် သုညကမ္ဘာ အသင်္ချေ ကြာသွားပြန်ပါတယ်။ အဲဒါကို 'ဘာသအသင်္ချေ'လို့ ခေါ်ပါတယ်။ (၃) အဲဒီနောက် ... မင်္ဂလဘုရား၊ သုမနဘုရား၊ ရေဝတဘုရား နဲ့ သောဘိတဘုရား ဆိုတဲ့ ဘုရားလေးဆူပွင့်တဲ့ ဝရကမ္ဘာပေါ်ထွန်း ကုန်ဆုံးပြီးနောက် သုညကမ္ဘာအသင်္ချေ ကြာသွားပြန်ပါတယ်။ အဲဒါကို 'ဇေယျအသင်္ချေ'လို့ ခေါ်ပါတယ်။ (၄) အဲဒီနောက် ... အနောမဒဿီဘုရား၊ ပဒုမဘုရား နဲ့ နာရဒဘုရား ဆိုတဲ့ ဘုရားသုံးဆူပွင့်တဲ့ သာရမဏ္ဍကမ္ဘာပေါ်ထွန်း ကုန်ဆုံးပြီးနောက် သုညကမ္ဘာ အသင်္ချေကြာသွားပြန်ပါတယ်။ အဲဒါကို 'ရုစိယအသင်္ချေ'လို့ ခေါ်ပါတယ်။ အဲဒီလို သေလ၊ ဘာသ၊ ဇေယျ နဲ့ ရုစိယလို့ခေါ်တဲ့ ကမ္တာပေါင်း လေးအသင်္ချေအတွင်းမှာ ဘုရားပေါင်း (၁၂)ဆူ ပွင့်သွားပါတယ်။ အဲဒီနောက် ပဒုမုတ္တရဘုရားတစ်ဆူသာပွင့်တဲ့ သာရကမ္ဘာ ပေါ်ထွန်းပြီး ယခု ဂေါတမမြတ်စွာ ဘုရားပွင့်ရာ ဘဒ္ဒကမ္ဘာ= (ဘုရားငါးဆူ ပွင့်တဲ့ကမ္ဘာ) ထိ ကမ္တာပေါင်း တစ်သိန်းဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ ကမ္တာပေါင်း တစ်သိန်းအတွင်းမှာတော့ ဘုရားပေါင်း (၁၆) ဆူ ပွင့်တော် မူခဲ့ပါတယ်။ ဒီလိုနဲ့ ... လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အတွင်းမှာ ဘုရားပေါင်း (၂၈) ဆူသာ ပွင့်တော်မူခဲ့ပါတယ်။ ဘုရားပွင့်ရာ ကမ္ဘာတစ်ခု ပေါ်ထွန်းလာပြီးနောက် သုညကမ္ဘာပေါင်း တမေ့တမော များစွာဖြစ်ပြီးမှ ဘုရားပွင့်ရာ ကမ္ဘာတစ်ခုပေါ်။ အဲဒီနောက် တစ်ခါ သုညကမ္ဘာတွေ တမေ့တမော များစွာပြန်ဖြစ် .......... တွေးကြည့်ရတာနဲ့တင် နက်ရှိုင်းတဲ့ အမှောင်ထုကြီးထဲမှာ ဦးတည်ရာမဲ့ အသက်လုပြီး ပြေးလွှားနေရသလို မောပန်းပြီး ကြောက်စရာကောင်းလှပါတယ်။ ဒါ့ကြောင့် ဘုရားရှင်နဲ့ တိုက်ရိုက်မကြုံပေမယ့် ဘုရားသာသနာနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ကြုံနေခိုက်မို့ ရခဲလှတဲ့ဒုလ္လဘတရားတွေနဲ့လည်း ကိုက်ညီနေတုန်း အမှောင်လမ်းက စွမ်းသလောက်ရုန်းထွက် အလင်းတစ်ချက်နဲ့ သံသရာမှာ ထောက်မတ်မှုရအောင် အပျင်းမဖက် ၀ီရိယစွက်ရင်း ကြိုးစားကြဖို့ပါပဲ ... ။ ဓမ္မရနံ့
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved." |



"'အသင်္ချေ ဆိုတာ မရေမတွက်နိုင်အောင် များပြားသော' လို့ အဓိပ္ပါယ်ရပါတယ်။ (မရေမတွက်နိုင်ဘူးလည်း ဆိုသေးတယ်။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလို့ ဘာလို့များ ပြောကြပါလိမ့်လို့လည်း အတွေးတစ်စ ဖြစ်ခဲ့ဖူးပါတယ်။)





