| မကြောက်တတ်သူ |
|
|
|
| ဓမ္မစာပေများ - ကဗျာများ | ||||||
| Monday, 05 July 2010 03:48 | ||||||
|
ပျော်ရွှင်ကျန်းမာ ချမ်းသာမိန်းမူး ရာထူးဂုဏ်သိမ် စည်းစိမ်သ္မီးသား အင်္ဂါခြေလက် အသက်မချွတ် မစွန့်လွှတ်ရဲလို့ လက်လွတ်ရမှာ ကြောက်သတဲ့…။
မရဘူးလည်း ဦးသူယူချင် မြင်ရာလှမ်းဖမ်း ဆွဲရမ်းသိမ်းပိုက် ကြိုက်ခိုက်မိုက်မလင်း ချင်ခြင်းတပ်စွန်း လိုချင်လွန်းလို့ လွဲလိုက်ရမှာ ကြောက်သတဲ့…။ လောဘမြစ်ဖျား ဒေါသနှစ်ပါးက ခလောက်ဆန်အောင်မွှေ ဘ၀တွေ ပွေလိုက်ကြပုံများ နေစရာကိုမရှိ စိတ်မချမှုအတိနဲ့ ပြည့်စုံတယ်လည်း မထင်ရ မောဟက အမှောင်ချ…။
အမှောင်ကမ္ဘာက စမ်းတ၀ါးခရီး ကြောက်လွန်းရှာသူတွေအတွက် အလင်းမီးက ပေးလှူစွမ်းပြီး မရချင်ပါမှ ထိန်ငြီးခဲ့ အကြောက်ကင်းစင် အေးချမ်းတဲ့ဘ၀ရှင် ဖြစ်ဖို့ဆို စိတ်ကိုပြင်ဆင် မလိုချင်လွန်းဘဲ လောဘဒေါသ အစွန်းတွေကို ဆုတ်ဖြဲ တောင့်တမှုတွေ မဖက်တွဲဘဲ လွတ်လွတ်ရဲရဲ စွန့်ကြဲမှလေ…။ ဓမ္မရနံ့
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved." |









