| ဘုရားရှင်၏ ဉာဏ်အားတော် (၁၀)ပါး |
|
|
|
| ဓမ္မစာပေများ - ဆောင်းပါးများ | ||||||
| Friday, 22 January 2010 05:30 | ||||||
|
ဒသဗလဉာဏေန- အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ (၁)အကြောင်းဟုတ်သည် မဟုတ်သည်ကို သိမြင်တော်မူသော ဌာနာဌာနကောသလ္လဉာဏ်တော်၊ (၂) ကံ၏အမျိုး ကံ၏အကျိုးကို အမျိုးမျိုးပင် သိမြင်တော်မူသော ကမ္မ၀ိပါကကောသလ္လဉာဏ်တော်၊ (၃) ထိုထိုဂတိ အဂတိသို့ ရောက်ဘိအကြောင်း ကျင့်လမ်းကြောင်းကို ကောင်းစွာထင်ထင် သိမြင်တော်မူသော အနေကဓာတု နာနာဓာတု ဉာဏ်တော်၊ (၄) ဓာတ်အများနှင့် ဓာတ်အများတွင် ထူးခြားအင်ကို သိမြင်တော်မူသော အနေကဓာတု နာနာဓာတုဉာဏ်တော်၊ (၅) သတ္တ၀ါတို့၏ လွန်ကဲစွဲပိုက် စိတ်အကြိုက်ကို စိုက်စိုက်ထင်ထင် သိမြင်တော်မူသော နာနာဝိမုတ္တိကတာဉာဏ်တော်၊ (၆) သတ္တ၀ါတို့၏ ဣနြေ္ဒငါးဆင့် နုအရင့်ကို ထောက်ချင့်ကာလျှင် သိမြင်တော်မူသော ဣန္ဒြိယပရောပရိယတ္တိဉာဏ်တော်၊ (၇) ဈာန်သမာပတ် တရားမြတ်၏ ညစ်ကြောင်း ဖြူကြောင်း ထနိုင်ကြောင်းကို ကောင်းစွာထင်ထင် သိမြင်တော်မူသော ဈာနသံကိလေသာဒိဉာဏ်တော်၊ (၈) ရှေး၌ဖြစ်အင် ခန္ဓာစဉ်ကို သိမြင်တော်မူသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်၊ (၉) စုတေခါနီး သန္ဓေပြီးစ ဟူသမျှနှင့် သေးလှအာရုံ ဝေးအာရုံကို အကုန်သိမြင်တော်မူသော ဒိဗ္ဗစက္ခုဉာဏ်တော်၊ (၁၀) အရဟတ္တ မဂ်ဉာဏဖြင့် အာသ၀လေးတန် ကုန်ရာအမှန် မြတ်နိဗ္ဗာန်ကို အမှန်သိမြင်တော်မူသော အာသ၀က္ခယဉာဏ်တော် တည်းဟူသော ဉာဏ်အားတော်ဆယ်ပါးနှင့်၊ သမ္ပန္နံ- ပြည့်စုံတော်မူသော၊ ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ အဟံ- ဘုရားတပည့်တော်သည်၊ နမာမိ- ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော်ပါ၏ မြတ်စွာဘုရား…။ ဓမ္မရနံ့
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved." |



စာရေးသူတို့ ကျောင်းမှာ ညစဉ်ရှိခိုးကြတဲ့ ဘုရားရှင်ရဲ့ ဉာဏ်တော်(၁၀)ပါး ဘုရားရှိခိုးပါ။





