Monday 6th of September 2010

သားလိမ္မာ - ၂ ယောက် PDF Print E-mail
ဓမ္မစာပေများ - ကဗျာများ
Tuesday, 02 February 2010 13:01

waterfire-22

မိဘလုပ်ကျွေး သားလိမ္မာ

အိမ်ထောင် မပြုချင်ပါ

တိုက်တွန်းကာသာ ထိမ်းမြားပေး

သားလေးရှေ့ရေး မျှော်ကာတွေး။

လိမ္မာလွန်းတဲ့ သားလိမ္မာ

မယားကိုလည်း အလိုလိုက်ရှာ

အမိုက်မှာလေ ကမ်းကုန်ချက်

မယားခိုင်းတော့ ဖေမေသတ်။

စိတ်ဓာတ်ပြောင်းတဲ့ သားလိမ္မာ

ရှင်မောဂ္ဂလာန် အလောင်းပါ

သေလွန်တော့လေ ငရဲသွား

နောက်ဆုံးဘဝထိ သူခံစား ... ။

မိဘလုပ်ကျွေး သားလိမ္မာ

အိမ်ထောင်မပြုချင်ပါ

တိုက်တွန်းကာသာ ထိမ်းမြားပေး

သံဃာလုပ်ကျွေးသူမှရွေး။

ရေဝတီလေး ဟန်ဆောင်ကာ

သူ့ရှေ့မှာတင် လုပ်ကျွေးတာ

ကွယ်ရာမှာလေ ဆဲဆိုသေး

သေလွန်တော့လေ ငရဲပြေး။

စိတ်ဓာတ်မပြောင်းတဲ့ သားလိမ္မာ

နတ်သမီးတွေက မျှော်နေရှာ

မသေခင်မှာ ဗိမ္ဗာန်ပေါက်

နန္ဒိယတဲ့ ထိုတစ်ယောက် … ။

နှစ်ယောက်အနက် သားလိမ္မာ

ဘယ်သူ့လိုပင် ဖြစ်သင့်တာ

ကြိုတင်ကာလေ သတိပေး

သားလိမ္မာတို့ သေချာတွေး

အမိုက်ဓာတ်များ မကူးစေရေး

အလိမ္မာဓာတ်များ ဖြန့်ဝေပေး ... ။

ဓမ္မရနံ့

ရေးသားမှုများ
အသစ်ရေးမယ်ဆိုရင် ရှာဖွေရန်
+/-
မှတ်ချက်ရေးသားရန်
နာမည်:
အီးမေးလ်:
 
ဆိုဒ်အမည်:
ခေါင်းစဉ်:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."