Monday 6th of September 2010

ဆုံးမသြဝါဒများ
မဆုံသောလမ်းများ PDF Print E-mail
ဓမ္မစာပေများ - ဆုံးမသြဝါဒများ
Saturday, 28 November 2009 05:24

'အညာဟိ လာဘူပနိသာ၊ အညာနိဗ္ဗာန ဂါမိနီ'

လာဘ်ရကြောင်းက တစ်လမ်း၊ နိဗ္ဗာန်ရောက်ကြောင်းက တစ်လမ်းလို့ ဘုရားရှင် ဟောထားပါတယ်။ ဒီတော့ ဘာပဲလုပ်လုပ် လောကီအကျိုးလောက်ကိုပဲ ရည်ရွယ်ပြီးလုပ်မယ်ဆိုရင်တော့ လောကီနယ်ထဲက ဘယ်တော့မှ ထွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်  သံသရာ ဝဋ်ဆင်းရဲကနေ လွတ်မြောက်ပြီး နိဗ္ဗာန်ရချင်ရင် ဘာပဲလုပ်လုပ် ဝိပဿနာရှု လောကီကျိုးတွေ ဥပေက္ခာပြုပြီး မဂ်လမ်းကြောင်းကနေ မဖဲ့မစောင်း လျှောက်ဖို့ပါပဲ။

ဓမ္မရနံ့

 
ဘာအကောင်းဆုံးလဲ PDF Print E-mail
ဓမ္မစာပေများ - ဆုံးမသြဝါဒများ
Saturday, 28 November 2009 05:21
သူတစ်ပါးကို ထိခိုက်အောင် လုပ်တာထက်မထိခိုက်အောင် လုပ်ခြင်းကကောင်းတယ်။ သူတစ်ပါးကို မထိခိုက်အောင်လုပ်တာထက် သူတစ်ပါး အကျိုးစီးပွားဖြစ်အောင်လုပ်ပေးတာကပိုကောင်းတယ်။သူတစ်ပါးရဲ့ ကျိုးစီးပွားဖြစ်အောင်လုပ်ရင်း မိမိရဲ့အကျိုးစီးပွားလည်းတိုးပွါးစေတာကတော့ပိုကောင်းတာပေါ့။ သူတစ်ပါးကိုနိဗ္ဗာန်ဆော်လုပ်ရင်းကိုယ်ကိုယ်တိုင်နိဗ္ဗာန်ရအောင် အားထုတ်နိုင်ခြင်းကတော့ အကောင်းဆုံးပါပဲ။
ဓမ္မရနံ့
 
ခံစားမှ ဝေဒနာ PDF Print E-mail
ဓမ္မစာပေများ - ဆုံးမသြဝါဒများ
Saturday, 28 November 2009 05:20
ဝေဒနာဆိုတာ စိတ်ဖြစ်တိုင်း လိုက်ဖြစ်နေတတ်တဲ့ အချိန်တိုင်းရှိတဲ့ တရားပါ။ ပဋိစ္စသမုပ္ပါဒ်တရားတော်မှာ ‘ဝေဒနာ ပစ္စယာ တဏှာ’ လို့ ဟောထားပါတယ်။ တဏှာငြိမ်းရင် ခန္ဓာဇာတ်သိမ်းပြီမို့ မိမိတို့အနေနဲ့ ဘာဝေဒနာပေါ်ပေါ် လိုက်ခံစားမနေဘဲ ဝေဒနာနုပဿနာရှုပြီး တဏှာရဲ့အမြစ် ဝေဒနာကို ခွဲစိတ်ဖြတ်တောက် ပယ်ရှားပစ်တတ်ဖို့ လေ့ကျင့်ထားရပါမယ်။
ဓမ္မရနံ့
 
ကာလတို့၏ လွတ်ရာဆီသို့ PDF Print E-mail
ဓမ္မစာပေများ - ဆုံးမသြဝါဒများ
Saturday, 28 November 2009 05:19
နိဗ္ဗာန်ဆိုတာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဆိုတဲ့ ကာလသုံးပါးကလွတ်တဲ့ အမှန်တကယ်ရှိတဲ့ ကာလဝိမုတ်တရားပါ။ ဒီနိဗ္ဗာန်ကို ရောက်ဖို့ဆိုရင် တကယ်မဟုတ်တဲ့ ပညတ်တွေကို ခွါချ၊ အမှန်တကယ်ရှိတဲ့ ရုပ်နာမ်တရားတွေရဲ့ ဖြစ်ပျက်ကို အတိတ်လည်း မပြန်၊ အနာဂတ်လည်း မကြံဘဲ ပစ္စုပ္ပန်တည့်တည့် ရှုပြီးသိနိုင်မှသာ ဖြစ်နိုင်ပါလိမ့်မယ်။
ဓမ္မရနံ့
 
ခက်အောင်မလုပ်ပါနဲ့ PDF Print E-mail
ဓမ္မစာပေများ - ဆုံးမသြဝါဒများ
Saturday, 28 November 2009 05:18
ကိုယ့်ကိစ္စတွေ လွယ်လွယ်ကူကူ အောင်မြင်တာကို ကြိုက်တယ်ဆိုရင် သူများကိစ္စတွေကိုလည်း လွယ်ကူအောင် တတ်နိုင်သလောက် ကူညီရပါမယ်။ လွယ်နေတာတွေကို ခက်သယောင် မလုပ်သင့်ပါဘူး။ သူများခက်နေတာတွေကို လွယ်ကူစေတဲ့ စေတနာကံတွေက ကိုယ့်အတွက် နေရာတိုင်းမှာ လွယ်ကူစေပါတယ်။ နောက်ဆုံး တရားရှာရင်တောင် 'လွယ်ကူသောအကျင့် လျင်မြန်သောအသိညဏ်'တွေနဲ့ အောင်ပန်းကို လက်လှမ်းနိုင်မှာပါ။
ဓမ္မရနံ့
 
အခံခိုင်းလိုက်ပါ PDF Print E-mail
ဓမ္မစာပေများ - ဆုံးမသြဝါဒများ
Saturday, 28 November 2009 05:14

မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့အရာတွေကို အဆင်း၊ အသံ စတာတွေက လာလာတိုက်ကြလို့ အခံဓာတ်တွေလို့ ခေါ်ပါတယ်။ မိမိတို့အနေနဲ့ ရှားရှားပါးပါး လူ့ဘ၀လေးရထားတုန်းမှာ အဲဒီအခံဓာတ်တွေကို သူတို့ဖြစ်ချင်တာတွေချည်း အလိုမလိုက်ဘဲ တဏှာကိုဆန့်ကျင်ပြီး ပညာနဲ့ ခိုင်းဖြစ်လိုက်ဖို့ အရေးကြီးပါတယ်။

ဓမ္မရနံ့

 
မကြောက်ချင်ရင် PDF Print E-mail
ဓမ္မစာပေများ - ဆုံးမသြဝါဒများ
Saturday, 28 November 2009 05:13

ကိုယ့်ဆီက ဆုံးရှုံးရမှာကိုလည်း ကြောက်ကြတယ်၊ မရလိုက်မှာကိုလည်း ကြောက်ကြတယ်။ ဘာကိုမဆို စွန့်လွှတ်နိုင်သူတွေနဲ့ ဘာကိုမှ မလိုချင်တဲ့သူအတွက်တော့ ဘာ့ကြောင့်မှ ကြောက်စရာ မရှိပါဘူး။ ဒါ့ကြောင့် မကြောက်တတ်ချင်ရင် ဘာကိုမှ မလိုချင်ဘဲနဲ့ စွန့်လွှတ်နိုင်ဖို့ ပေးရဲဖို့ အမြဲအသင့် ဖြစ်နေရပါမယ်။

ဓမ္မရနံ့

 
အိုကံကောင်းဖို့ PDF Print E-mail
ဓမ္မစာပေများ - ဆုံးမသြဝါဒများ
Saturday, 28 November 2009 05:11

အိုမင်းမစွမ်း၊ ဒုက္ခရောက်နေသူတွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့လိုက်ပါ။ အဲဒီ့စေတနာကံကသာ ကိုယ်ပိုင်အစစ်အမှန် ဖြစ်တဲ့အတွက် မိမိရဲ့ ဇရာချိန်အတွက် သေချာတဲ့အလုပ် ဖြစ်ပါတယ်။

ဓမ္မရနံ့